မိုဘိုင်းဖုန်း Android တွေကို Root ဖောက်ရန် ကွန်ပျူတာ ဆော့ဝဲတစ်ခုဖြစ်တဲ့ Vroot ဖြင့် Root ဖောက်ပုံအဆင့်ဆင့် ကို ပုံနဲတကွဖော်ပြရှင်းလင်းပေ...

ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း

ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း

ကွန်ပျူတာတွင် Vroot ဖြင့် Root ဖောက်နည်း

8 10 99

မိုဘိုင်းဖုန်း Android တွေကို Root ဖောက်ရန် ကွန်ပျူတာ ဆော့ဝဲတစ်ခုဖြစ်တဲ့ Vroot ဖြင့် Root ဖောက်ပုံအဆင့်ဆင့် ကို ပုံနဲတကွဖော်ပြရှင်းလင်းပေးထားပါတယ်။
မိမိ မိုဘိုင်းဖုန်းကို အမှန်တကယ် Root ပြုလုပ်ရန်လိုအပ်နေတယ်ဆိုရင်တော့ ကွန်ပျူတာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လေ့လာထားပါက ပညာတစ်ခုတိုးပွားလာစေမှာအမှန်ဘဲဖြစ်ပါသည်။
Root လုပ်ရန်အဆင့်ဆင့်ကို အောက်တွင်ပုံဖြင့်ရှင်ပြထားတာလေ့လာလိုက်ရအောင်..။

အဆင့် (၁) မိမိ Root ဖောက်မည့် ဖုန်း၏ Setting>Developers Option အားနှိပ်ပြီး USB Debugging အမှန်ခြစ်ဖြစ်အောင် တစ်ချက်နှိပ်ပေးရမည်ဖြစ်သည်။

 Android 4.2.2 ဖုန်းတွေနဲ အခြားသောဖုန်းတွေမှာ  Developers Option ကိုမတွေ့ ပါက Setting ထဲမှ About Phone နေရာ၏ Built Number အားလက်ဖြင့် ၅ ချက် မှ  ၈ ချက်ထိ ခေါက်ပေးလိုက်ရင် Developers Option အားတွေ့ မြင်နိုင်မှာဖြစ်ပါတယ်။

 အဆင့် (၂) Vroot Application ကို Download ရယူပြီး မိမိကွန်ပျူတာတွင် Install လုပ်ပါ။

အဆင့် (၃)မိမိကွန်ပျူတာ တွင် Vroot Application အား Install လုပ်ပြီး ဖွင့်လိုက်ပါ။

အဆင့် (၄) မိမိဖုန်းအား ကွန်ပျူတာသိအောင် USB ကြိုးဖြင့် ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပြီး Connect Device အားနှိပ်ပေးလိုက်ပါ။


အဆင့် (၅) အဆင့် ၅ တွင် ကွန်ပျူတာမှ ဖုန်းကိုသိသွားပြီးဆိုတဲ့အကြောင်း မိမိဖုန်း Model နံပါတ်နဲဖော်ပြပေးပါလိမ့်မည်။

အဆင့် (၆) ဖုန်းအား Root ဖောက်ရန်ပြထားသည့် Root ဆိုတဲ့ ခလုတ်အား နှိပ်းပေးပါ။

အဆင့် (၇) ဖုန်းအား ကွန်ပျူတာတွင် Root ဖောက်တာအောင်မြင်သွားကြောင်း Complete အမှန်ဖြင့်ပြသပြီးမိမိဖုန်းဟာ ပါဝါ  Reboot ကျပြီးပြန်ပွင့်လာမည်ဖြစ်သည်။


အဆင့် (၈) မိမိဖုန်းဟာ ပါဝါပြန်ပွင့်လာရင်တော့ ဖုန်းအတွင်းမှာ SuperUS App လေးပေါ်လာမှာဖြစ်ပါတယ်။ SuperUS လေးပေါ်လာရင်တော့ မိမိတို့ ရဲ့ Android မိုဘိုင်းဖုန်းဟာ Root ဖောက်လို့ အောင်မြင်သွားပြီးဘဲ ဖြစ်ပါတယ်။